မက်မန်းမြို့၌  သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းပြုလုပ်

မက်မန်း စက်တင်ဘာ ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသက် ၉ နှစ်မှ ၁၂ အထိ ကျောင်းသူ ၃၃ ဦးအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် သားအိမ်ခေါင်းရောဂါကာကွယ်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရန်အတွက် ယခုအသက်အရွယ်မှစတင်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။  အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အ.ထ.က-မက်မန်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ဆေးထိုးနှံမည့် ကျောင်းသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက်ကြ၍ စုစုပေါင်း လူဦးရေ ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)