စဉ့်ကူးမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်ဆေး (HPV) ထိုးနှံခြင်းများ ဆောင်ရွက်

စဉ့်ကူး  စက်တင်ဘာ   ၂၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ကျည်တောက်ပေါက်ကျေးရွာ၊ နွယ်ရုံ ကျေးရွာနှင့် တောင်ကိုင်းကျေးရွာတို့ရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးခဲ့သည်။

စဉ့်ကူးမြို့နယ်တွင် အခြေခံပညာကျောင်း (၁၄၀)ကျောင်းရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းများမှ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)