မိုင်းစံမြို့၌ အသိပညာပေးနံရံကပ်စာစောင်များ ပြသ

မိုင်းစံ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ပြည်သူများအား အသိပညာပေးမှတ်တမ်းများ၊ အကြောင်းအရာများအား နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်း က စတင်၍ ပြသထား လျက်ရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာ​စောင်များတွင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန် ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက်သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်များနှင့် ထင်မြင်ယူဆချက်များ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်များ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြုံပြုချက်များ၊ နှာချေချောင်းဆိုးသည့် အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များ၊ စနစ်တကျ လက်ဆေးနည်း လမ်းညွှန်ချက်များ၊ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံများ စသည့် အသိပညာပေးအကြောင်းအရာများ ပါဝင်သည့်အပြင်   ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် သိကောင်းစရာများ၊ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး မှတ်တမ်းများအား ထည့်သွင်းပြသထားပြီး    ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍  နေ့စဉ်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်ချို(ပြန်/ဆက်)