ကျောက်တံတား အောက်တိုဘာ ၁၉
ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့နံနက်ပိုင်းက ပြည်မြို့ ဦးခင်ဇော် ဒေါ်ခင်နွဲ့မူ မိသားစုက နံနက်စာအာဟာရဒါနအဖြစ် နန်းကြီးသုပ်ဘူးများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နေ့လယ်စာအတွက် (၃၉)လမ်းမှ ဒေါ်တင်ကြည်မိသားစုနှင့် ညနေစာအတွက်အမှတ် ၆ ရပ်ကွက် ၃၈ လမ်း (Y2T)စားသောက်ဆိုင်မှ ကိုရန်နိုင်မိုးမိသားစုတို့က အသီးသီး လာရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center များကို ၃၈လမ်း Plaza အပေါ်ထပ်(၆)လွှာနှင့်(၇)လွှာတို့တွင် ဖွင့်လှစ်ဆောင်ရွက် ထားရာ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများ၊ရေသန့်ဘူးများ စားသောက်စရာများကို နေ့စဉ် လာရောက် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ရွှေနန်းမေ