ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဝင်ငွေနည်းလက် လုပ်လက်စား အခြေခံအိမ်ထောင်စုလေးရာကျော်တို့အား ဆန်များကို တစ်အိမ်ထောင်စုလျှင် နှစ်ပြည်နှုန်းဖြင့် အောက်တိုဘာလ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက အလှူရှင်ဒေါ်အေးအေးဝင်း (ဇေဖြိုးအောင် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး) မိသားစုတို့က အဆိုပါရပ်ကွက်အတွင်း၌ အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဝင်ငွေနည်း အခြေခံအိမ်ထောင်စုများ၏ အခက်အခဲ များကို တဖက်တလမ်းနေ၍ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် အလှူရှင် ဒေါ်အေးအေးဝင်း (ဇေဖြိုးအောင် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး) မိသားစု တို့မှ ဦးဆောင်၍ အလှူငွေကျပ်ဆယ်သိန်းမတည်ကာ အခြားအလှူရှင်(၇)ဦးတို့မှ လှူဒါန်းသည့် ဆန်အိတ်(၁၈)အိတ်တို့ဖြင့် စုပေါင်းပြီး အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဝင်ငွေနည်း အိမ်ထောင်စု များထံသို့ ဆန်များကို ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
လှူဒါန်းမှုများဆောင်ရွက်ရာတွင် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဝင်ငွေနည်း လက်လုပ်စားအိမ် ထောင်စု(၄၇၀)တို့အား တစ်အိမ်ထောင်စုလျှင် ဆန်(၂)ပြည်နှုန်းကို အလှူရှင် ဒေါ်အေးအေးဝင်း (ဇေဖြိုးအောင် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး) မိသားစု တို့က ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက်လိုက်လံဖြန့်ဝေလှူဒါန်းခဲ့ကြပြီး နှာခေါင်းစည်း များ နှင့် ကလေးငယ်အတွက် မုန့်များကိုလည်းလှူဒါန်းခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)