AA Pharmacy Co.Ltd မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် အတွက် Medical Regulator Oxygen (၅)လုံးအား လင်းလက်ပရဟိတအသင်းသို့ လှူဒါန်း

ကျောက်တံတား အောက်တိုဘာ ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လင်းလက် ပရဟိတလူမှုကူညီရေးသို့ ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် AA Pharmacy Co. Ltd မှ လှူဒါန်းသည့် Medical Regulator Oxygen (၅)လုံး အား လင်းလက်လူမှုကူညီရေးအသင်းအား ပြန်လည် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများစဉ်ဆက်မပြတ် ဆောင်ရွက်ရာတွင်  တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် AA Pharmacy Co. Ltd မှ လှူဒါန်းသည့် Medical Regulator Oxygen (၅)လုံးအား လင်းလက်ပရဟိတ လူမှုကူညီရေးအသင်းသို့ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

ရွှေနန်းမေ