ကျောက်ဆည် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မိသားစုအပိုဝင်ငွေရရှိရေး သီးပင်စားပင်များနှင့် ပန်းအမျိုးမျိုး စိုက်ပျိုးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ သပြေပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သပြေပန်းပင်သည် တစ်ကြိမ်စိုက်ပျိုးထားပါက စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် နေ့စဉ်ပန်းအညွှန် ကိုင်းများအား ဖြတ်တောက်ပြီး ရောင်းချရဖြင့် နေ့စဉ်ဝင်ငွေရရှိသော ပန်းပင်တစ်မျိုးဖြစ်ကာ ဘုရားပန်းတင်ရာတွင်လည်း တာရှည်အထားခံသောကြောင့် ဝယ်သူများ ကြိုက်နှစ်သက်ကြောင်း သင်တောင်းကျေးရွာမှ တစ်နိုင်တစ်ပိုင် သပြေပန်းအပင် (၂၀၀) စိုက်ပျိုးထားသည့် ပန်းစိုက်တောင်သူ မသီတာအေးက ပြောပြသည်။
သပြေပန်းစိုက်ပျိုးမည်ဆိုပါက လေဝင်လေထွက်ကောင်းမွန်ပြီး အကိုင်းအညွှန့်များ သန်မာလှပစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၀)ပေခြားကာ စိုက်ပျိုးကြောင်း ရေကြိုက်နှစ်သက်သောကြောင့် မြေဘောင်များပြုလုပ်ကာ စိုက်ရပြီး ကုန်ကျစရိတ်နှင့် သွင်းအားစု နည်းပါးကာ အကျိုးအမြတ်များသောကြေုာင့် စိုက်ပျိုးသင့်သည့် ပန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်