တန့်ယန်းမြို့နယ်တွင် အသွားအလာကန့်သတ်သည့် စောင့်ကြည့်ရေးစခန်းအား နေရာပြောင်းရွှေ့ဖွင့်လှစ်

တန့်ယန်း  အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူများတို့က ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အမှတ်(၁)ရပ်ကွက် ခုန်းစိန်ကျောင်း စောင့်ကြည့်ရေးစခန်းအား  အမှတ်(၃)ရပ်ကွက်ရှိ နတလကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်လျက် ရှိသည်။

မြို့နယ်အတွင်းသို့ အခြားနေရာနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နေရာဒေသများမှ လာရောက် သူများအားလုံးတို့ကို ကျန်းမာရေးစစ်ဆေးပြီး အထောက်အထား ခိုင်လုံမှုမရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသော (Facility Quarantine Centre) စောင့်ကြည့်ရေးစခန်းအား  အမှတ်(၃) ရပ်ကွက်ရှိ နတလကျောင်းနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်နေရာချထားပေးရန် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦး က တာဝန်ရှိ ဝန်ထမ်းများ၊အသင်းအဖွဲ့များနှင့်ပူးပေါင်းကာလိုအပ်သည်များကိုစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။                                                                                        

မင်းလွင်ဦး(ပြန်/ဆက်)