ချမ်းမြသာစည် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရေသယံဇာတဖွံ့ဖြိုးရေးအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် အနာဂတ်မှာ ရေကို လူအများထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များ၊ နောင်လာနောင်သားများ ရေနှင့်ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်ကြရမည့် အကြောင်းအချက်များနှင့် သန့်ရှင်းသောသောက်သုံးရေများ ပေါများစွာရရှိရေးအတွက် အနာဂတ်မှာလုပ်ဆောင်ရမည့် အစီအမံများစသည့်အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် စာရေးဆရာမင်းလပြည့် (ဟားခါး)တို့က ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာ(ချမ်းစည်)