ဗန်းမော် စက်တင်ဘာ ၁၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာ ခန်းမတွင် စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင်ပညာရေးမှူးဆရာကြီး ဦးထွန်းအေးကျော်က “မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးမှ မျိုးဆက်သစ်ရွက်ပုန်းသီး အနုပညာရှင်များအား ဖော်ထုတ်မြှင့်တင်၍ အရည်အချင်းရှိသူများကို ရွေးချယ်လေ့ကျင့်ပြီး မြို့နယ်၊ ခရိုင်၊ ပြည်နယ်မှတစ်ဆင့် နိုင်ငံတော်အဆင့် ထိသွားရောက်ယှဉ်ပြုင်နိုင်ရေးအတွက် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပြိုင်ပွဲတွင် အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေးနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ခေတ်ဟောင်း၊ ခေတ်ပေါ်၊ မဟာဂီတအစရှိသည့် အမျိုးအမည်တို့ဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရပါသည်။
ခရိုင်(ပြန်/ဆက်)