မြစ်သားမြို့နယ်အတွင်း၌ စားအုန်းဆီတစ်ပိဿာ (၅၂၈၅) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေး

မြစ်သား စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းတွင် မြန်မာနိုင်ငံဆီကုန်သည်၊     ဆီလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုနှင့်  Wilmar  Myanmar  Fdible  Oil  Co…Ltd  အစီအစဉ်ဖြင့်   ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍   ဒေသခံပြည်သူများ   စျေးနှုန်းသက်သာစွာ   စားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ (၅၂၈၅) ကျပ်နှုန်းဖြင့် မြို့နယ်အတွင်းရှိ နေရာ(၃)နေရာတွင် ယနေ့မွန်းလွှဲပိုင်းက   ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးကိုကိုကြီးနှင့်အဖွဲ့ဝင်များက ကူမဲမြို့ရှိ  ကူမဲစည်ပင်သာယာစျေးတိုက်တန်း နယူးဖန်စီ ဆီအရောင်းဆိုင်၊ ကူမဲမြို့အမှတ်(၅)ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ အောင်ကမ္ဘာဆီစက်နှင့် မြစ်သားမြို့ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာ ကုန်ဆုံဆိုင်ရှေ့တို့တွင် ပြည်သူများအား တစ်ဦးလျှင် ဆီတစ်ပိဿာ (၅၂၈၅) ကျပ်နှုန်းဖြင့်  ဆီ(၃၃၀၀)ပိဿာချိန်အား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း  စာသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်