မိုးညှင်းမြို့ ဇေယျသုခဝါဆိုကျောင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွာတော်မြတ်ကြီး ပုံစံတူဆင်းတုတော်အား တာဝန်ရှိသူများမှ သွားရောက်ဆက်ကပ်

မိုးညှင်း စက်တင်ဘာ ၁၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ဇေယျသုခဝါဆိုကျောင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူဆင်းတုတော်အား ယမန်နေ့မွန်းလွဲ(၁)နာရီက တာဝန်ရှိသူများမှ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ (ဒုတိယဝါဆိုလပြည့်နေ့) ဩဂုတ်လ (၁)ရက်နေ့တွင် ပြည်တွင်းနှင့် ပြည်ပဗုဒ္ဓဘာသာကိုးနိုင်ငံမှ ဆရာတော်သံဃာတော်အပါး(၉၀၀)ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ ကျင်းပခဲ့ရာ မိုးညှင်းမြို့ ဇေယျသုခဝါဆိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးဘဒ္ဒန္တစန္ဒိမာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှဓမ္မဒါနအဖြစ် ပေးပို့လှူဒါန်းသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူဆင်းတုတော်နှင့် အလှူငွေများကို မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်သာသနာရေးမှူး ဦးအောင်သူဖြိုးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း