ဝိုင်းမော်မြို့နယ်ရှိ ရဟန္တာတစ်ထောင်ရှင် ပင်မြတ်စွာရွှေမိုးတောင်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းများအဆင်ပြေချောမွေ့ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဝိုင်းမော် စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရေး လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေမိုးတောင်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမူရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ရွှေသင်္ကန်းပြန်လည်ကပ်လှူ ပူဇော်နိုင်ရေးဆောင်ရွက်နေမှုများ၊ စေတနာရှင်အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ရေးကော်မတီ အဖွဲ့ဝင်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများအား အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)