ညောင်ဦး စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Country Assessment Team ဆေးလိပ်ငွေ့ကင်းစင်လုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် ဆေးလိပ်ငွေ့ကင်းစင်ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခွင် တည်ထောင်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် ကြီးကြပ်ရေးကော်မတီနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ကတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေတစ်ခွင် တည်ထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြီးကြပ်ရေးကော်မတီ နာယက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး Country Assessment Team အဖွဲ့ခေါင်းဆောင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ဗဟိုအဆင့်အဖွဲ့)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်မြင့်မြင့်သန်းက မိတ်ဆက်ခြင်းနှင့်ဆေးလိပ်ငွေ့ကင်း စင်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ရှင်းလင်းကာ Country Assessment Team ဆေးလိပ်ငွေ့ကင်းစင်လုပ်ငန်း ကြီးကြပ်ရေးကော်မတီဝင်များမိတ်ဆက်ကြသည်။ ဆက်လက်၍ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခွင်တည် ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီမွန်းက အဖွဲ့ဝင်များနှင့်မိတ်ဆက်ပေးကာ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေသတစ်ခွင်အတွင်း ဆေးလိပ်သောက်ခွင့်ပြုသည့်၊ ဆေးလိပ်သောက်ခွင့်မပြုသည့် သမိုင်းအထင်ကရဘုရားများ၊ ဟိုတယ်/မိုတယ်များ၊ အစိုးရရုံးဌာနများ၊ အခြေခံပညာကျောင်းများ၊ စားသောက်ဆိုင်များ နေရာတစ်ရာကျော် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တွေ့ဆုံပွဲတက်ရောက်လာသည့် အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးတင်ပြကြကာ ဆေးလိပ်ငွေ့ကင်းစင်ပုဂံရှေး ဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေတစ်ခွင် တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်ကြီးကြပ်ရေးကော်မတီ နာယကခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း