သာစည် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကျွန်းစိုက်ခင်း ရတနာတန်းဝင် ကျွန်း ၃၃၀ ပင် စိုက်ပျိုးပွဲကို စက်တင်ဘာ ၁၇ ရက်နံနက် ၇ နာရီအချိန်က ကပ်ကျေး အင်းကျေးရွာအုပ်စု မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင်အမှတ် (၁၁/၇)မှ (၁၂/၀)ကြား သာစည်မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးသက်ကျော်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးဇော်မင်းထွန်း-၂နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၇၀ ဦးတို့က ရတနာတန်းဝင်ကျွန်း ၃၃၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)