မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်အတွင်းရှိ နေရှင်နယ်ပရဟိတဂေဟာဘုန်းတော်ကြီးကျောင်း၌ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာ ရေးစောင့်ရှောက်မှုပေး

မြစ်သား  စက်တင်ဘာ   ၁၉ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်အတွင်းရှိ နေရှင်နယ်ပရဟိတဂေဟာဘုန်းတော်ကြီးကျောင်း ၌ ပညာသင်ကြားနေသော ကိုရင်များ၊ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့် ရှောက်ပေးမှုကို ယမန်နေ့နံနက် (၉)နာရီအချိန်က နယ်လှည့်ကွင်းဆင်း ကုသပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းမှ ပညာသင်ကြားနေသော ကိုရင်များ၊ ကျောင်းသား/ကျောင်းသူများကို တကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် မိုးရာသီတွင်အဓိကဖြစ်ပွားတတ်သောနှာစေး ချောင်းဆိုးခြင်း၊အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကိုကုသပေးခြင်း၊ တိုင်းရင်းဆေးဝါးများ သောက် ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို ကုသပေးခဲ့သည်။

မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းကုသပေးစနစ်ဖြင့် မြို့ပေါ်ရှိစာသင်ကျောင်းများနှင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းများကိုလည်း သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်းကုသပေးသွားမည်ဖြစ် ကြောင်း မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းထံမှ သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)