လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ China Foundation For Rural Development (CFRD)မှ ကျောပိုးအိတ်(၉၄၀၅)လုံး လှူဒါန်း

လယ်ဝေး စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား/သူများ ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် China. Foundation For Rural Development (CFRD)မှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၃၆ ကျောင်းသို့ Panda Pack (မေတ္တာအိတ်ထုပ်)ကျောပိုးအိတ်များ လှူဒါန်းပွဲကို ယမန်နေ့ညနေ ၃ နာရီက စံဝါအောင်း(အ.ထ.က)ခွဲတွင် ကျင်းပသည်။​

ရှေးဦးစွာ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးစန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးစန်း၊ တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ လယ်ဝေးခရိုင်ပညာရေးမှူးဦးကျော်စိုးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းနှင့် (CFRD)မြန်မာနိုင်ငံအဖွဲ့ခေါင်းဆောင် ဦးထန်ခမ်းမောင်နှင့် အဖွဲ့ဝင်များက အခြေခံပညာကျောင်း ၃၆ ကျောင်းရှိ KG မှ Grade-5 ထိ ကျောင်းသား/သူ ၉၄၀၅ ဦးအတွက်  စာရေးကိရိယာ၊ မိုးကာ၊ ထမင်းဘူး၊ ရေဘူး၊ သွားတိုက်ဆေး/တံမျက်နှာသုတ်၊ ဆပ်ပြာများပါရှိသည့် ကျောပိုးအိတ်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)