မြောက်ဦးမြို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

မြောက်ဦး  စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ ထမ္မရာဇ်ရပ်ကွက် ခရိုင်ပြည်သူ့ဆေးရုံးဝန်းတွင်းရှိ ကရုဏာလှိုင်းသွေးလှူရှင်များအသင်းတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က စုပေါင်းသွေး လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သွေးလှူဒါန်းကြမည့် ရဲတပ်ဖွဲ့ဝင်များအား မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းကြရာ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ အမှတ်(၁၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူကြီးမျိုးဝဏ္ဏ၊ အမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား လှည့်လည်နှုတ်ဆက်အားပေးစကားများ ပြောကြားကြကာ အာဟာရဖြည့်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

သွေးလှူဒါန်းပွဲတွင် အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ အမှတ်(၁၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူကြီးမျိုးဝဏ္ဏ၊ အမှတ် (၃၁) လုံခြုံရေးရံတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ဇော်ဝင်းထွန်း၊ ရဲတပ်ဖွဲ့ဝင်(၂၅)ဦး၊ မိသားစုဝင်(၂၀) ဦးစုစုပေါင်း(၄၅) တို့မှ သွေးအမျိုးအစားမျိုးစုံကို (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)