တောင်ကြီး စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Pro Creative Center (PCC) Arts and Media သင်တန်းကျောင်းမှ ဖွင့်လှစ်သည့် သရုပ်ဆောင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေရွှေမြင့်၊ Pro Creative Center (PCC) သင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်စုမွန်ထွေး၊ မင်းသမီးကြီး ဂရေ့စ်ဆွေဇင်ထိုက်နှင့် PR Professional တစ်ဦးဖြစ်သူ ဦးကျော်စိုးဝင်းတို့က သင်တန်းဆင်းအမှာစကားများပြောကြားပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့သည်။
ထို့နောက် ထက်အောင်လင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးအောင်ကျော်မိုးမှ ရိုက်ကူးထုတ်လုပ်မည့် အချစ်နှင့်ခေမရရ် ဇာတ်လမ်းတွဲတွင်ပါဝင်ရန် အဓိကသရုပ်ဆောင်နှစ်ဦး ရွေးချယ်ပေးခဲ့ရာ စိုင်းဝေမျိုးသော်နှင့် ရွှန်းမြတ်ချယ်တို့က ရွေးချယ်ခြင်းခံခဲ့ရပြီး၊ သင်တန်းသား/သူတစ်ဦးချင်းစီ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ သရုပ်ဆောင်သင်တန်းဖြစ်မြောက်အောင် အဖက်ဖက်မှ ပံ့ပိုးကူညီပေးကြသော မိတ်ဖက်အဖွဲ့အစည်းများအား အမှတ်တရ မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)