ပင်းတယ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျားကုန်းစံပြကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးအတွက် စီမံကိန်းခေတ်မှီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်း အဆင့်မြင့်(စက်ချုပ်)" သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီက ကျားကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ရာ သင်တန်းနည်းပြဆရာမမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အဆင့်မြင့် စက်ချုပ်သင်တန်းအား သင်တန်းသား/သင်တန်းသူ ၁၅ ဦးတက်ရောက်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)