ညောင်လေးပင်တွင် ကိုဗစ်-၁၉ဆိုင်ရာ သတင်းအချက်အလက်နှင့် အသိပညာပေးရုပ်ပုံများ မြေစိုက်ဘုတ်တွင်ပြသ

ညောင်လေးပင် အောက်တိုဘာ ၁၉


ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ညောင်လေးပင်မြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေးရုပ်ပုံများအား ပြည်သူများ အသိပညာ ဗဟုသုတရရှိနိုင်ရေး သိရှိလေ့လာနိုင်ရန်အတွက် ရုံးရှေမြေစိုက်နံရံကပ် ပြဘုတ်တွင် အောက်တိုဘာ ၁၈ရက်နေ့ နံနက်ပိုင်းက စတင်၍ ပြသထားကြောင်းသိရှိရသည်။
အဆိုပါပြဘုတ်တွင် သတင်းအချက်အလက် ဝန်ပိခြင်းဆိုသည်မှာ၊ သတင်းအချက်အလက် ဝန်ပိခြင်းနှင့် သတင်းအချက်အလက်ရယူနိုင်မှု၊ ကိုဗစ်-၁၉ ကာလအတွင်း သတင်း အချက်အလက် ဝန်ပိမှုကို စီမံခန့်ခွဲခြင်း၊ မိမိသည် သတင်းအချက်အလက် ဝန်ပိနေပြီ ဖြစ်ကြောင်း မည်သို့သိနိုင်သနည်း၊ သတင်းအချက်အလက်ဝန်ပိမှုက သင့်ကိုမည်သို့ ထိခိုက် သနည်း စသည့်ခေါင်းစဉ်များဖြင့် လေ့လာမှတ်သားဖွယ်ရာ ဗဟုသုတမျိုးစုံ ပါရှိသည့် ရုပ်ပုံများအား ပြသထားကြောင်းသိရသည်။
သက်လွင် (ညောင်လေးပင်)