နောင်တရား အ.ထ.ကကျောင်း၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ဆောင်ရွက်

နောင်တရား  စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။

မိန်းကလေးများ၌ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမူလျော့ကျစေရန်အတွက် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော ကျောင်းသူ (၁၂၈)ဦးကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးသည်။ ကာကွယ်ဆေးထိုးနှံခြင်းကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်၊ နောင်တရားမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာဆုယဉ်တြာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)