မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုင်းရယ် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ ပူးပေါင်း၍ ကျောင်းသား/သူများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူမျာက အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများကို သွားကျန်းမာရေးစစ်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လည်ပင်းကြီးရောဂါ စစ်ဆေးခြင်း၊ အရေပြားရောဂါဆိုင်ရာ ရှာဖွေစစ်ဆေးခြင်းနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရာသီတုပ်ကွေးများ စစ်ဆေးပေးခြင်းများကို တစ်ဦးချင်း ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ပြီး ဆရာ/ဆရာမများက ပူးပေါင်းပါဝင်ခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)