လှိုင်သာယာ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပလျက်ရှိသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကားပြောကြားပြီး အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်ရေးအဆိုပြိုင်ပွဲ၌ ပထမဆုကို ဒေါ်ခင်ရတနာအေးက လည်းကောင်း၊ ခေတ်ဟောင်းတေးကာလပေါ် (အမျိုးသား) အဆိုပြိုင်ပွဲ၌ တတိယဆုကို ဦးအောင်မျိုးချစ်ကလည်းကောင်း၊ အက (အမျိုးသမီး) ပြိုင်ပွဲတွင် ဒုတိယဆုကို ဒေါ်အေးသန္တာချို (ခ) ဒေါ်အေးချမ်းမိုးကလည်းကောင်း၊ ဝါသနာရှင် ဒုတိယတန်း အတီးပြိုင်ပွဲတွင် ဒိုးပတ်အထူးဆုကို ဦးရွှေဝါနှင့် အဖွဲ့တို့ကလည်းကောင်း ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)