မဘိမ်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်

မဘိမ်း     အောက်တိုဘာ    ၁၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်ခန်းမ၌ ကျင်း  ပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ငြိမ်းငြိမ်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မဘိမ်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၆)အုပ်စုရှိ မဲရုံ(၄၄)ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူး အဖြစ်ဆောင်ရွက်မည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ကြမည်ဖြစ်ပြီး မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သင်တန်းပို့ချပေးမည်ဖြစ်ကာ သင်တန်းကာလမှာ အောက်တိုဘာ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဒေါ်ငြိမ်းငြိမ်းအေးထံမှ သိရသည်။

မျိုးမင်း (ပြန်/ဆက်)