ဟိုပန် အောက်တိုဘာ ၁၉
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် စစ်ဆေးဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြန်မာ့စီးပွားရေး ဘဏ်၊ ငွေတိုက်တွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူရရှိသည့် အရေအတွက် အတိုင်း ပြည့်/မပြည့်၊ စွန်းထင်း/စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှုရှိမရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ်များ ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြုမည့်သင်္ကေတ (Logo) များ မှန်ကန်မှု ရှိ/မရှိ တို့အား ဖွင့်ဖောက်စစ်ဆေးခဲ့သည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးထက်နိုင်နှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်း များက ပူးပေါင်းပါဝင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်