နမ့်ဆန်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့မှ နမ့်ဆန်မြို့အတွင်းလိုက်လံကြည့်ရှု

နမ့်ဆန် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများမှ နမ့်ဆန်မြို့အတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုကာ မြို့နယ်ဆရာဝန်ကြီးနှင့် သူနာပြု ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး၊ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ၊ ဇယန်းကြီးကျောင်းတိုက်သို့ သွားရောက်ကာ လက်ထောက်ဆရာတော် ဦးပညာသီရိနှင့်တွေ့ဆုံပြီး လှူဖွယ်ဝတ္ထုများ လှူဒါန်းကာ၊ လှူဖွယ်ဝတ္ထု အစုစုတို့အား ရေစက်ချအမျှဝေခဲ့သည်။ ထို့နောက် နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာအုပ်စု၊ ဇယန်းကြီးကျေးရွာတွင် တည်ထားသော ပတ္တမြားစေတီတော်သို့ သွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ လှူဒါန်းပေးခဲ့ပြီး၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-၁) သို့ သွားရောက်ကာ ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ၊ ကျောင်းတွင်းလိုအပ်သည့် ကွန်ပျူတာပြင်ဆင်ရန်အတွက် အလှူငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ၊ MC မိသားစု လက်ဖက်စိုလုပ်ငန်းစက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နမ့်ဆန်မြို့အတွင်းရှိ မြို့တော်ခန်းမသို့သွားရောက်ကာ ပြုပြင် ပြင်ဆင်ရန်လိုအပ်သည်များကို မှာကြားခဲ့ပြီး၊ နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာရှိ၊ မဟာမြတ်မုနိဘုရား ကုန်းတော်ပေါ်သို့ သွားရောက်ကာ မဟာမြတ်မုနိဘုရားအား ရွှေသင်္ကန်းကပ်လှူခြင်း၊ မြို့နယ်ဂေါပကအဖွဲ့အား အလှူငွေပေးအပ်ခြင်း၊ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် မဟာမြတ်မုနိ ဘုရားအားလှည့်ပတ်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)