ပရဟိတဂေဟာများအား ဆန်ဖိုးထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

မူဆယ် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စားနပ်ရိက္ခာ ဆန်၊ဆီ၊ဆားများ ပေးအပ် ထောက်ပံ့ခြင်းနှင့် နိုင်ငံတော်အသိအမှတ်ပြု ပရဟိတဂေဟာများအား ဆန်ဖိုးထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂း၀၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အမှာစကားပြောကြားပြီး သက်ဆိုင်ရာဌာနအလိုက် ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပရဟိတဂေဟာများအား နိုင်ငံတော်မှထောက်ပံ့သော ဆန်ဖိုးထောက်ပံ့ငွေနှင့် ထောက်ပံ့စ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း(၂၆၁)ဦး အား တစ်ဦးလျှင် ဆန်(၁၂)ပြည်အိတ် ၁ အိတ်၊ ဆီ ၂ ပိဿာ ၊ ကွေကာအုပ် အထုပ်သေး(၃၀)ပါ အထုတ်ကြီး ၁ ထုပ်နှင့် အသင့်စားခေါက်ဆွဲခြောက်ထုပ် ၅ထုပ်တို့ကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)