မိုင်းလုံမြို့တွင် ကျောင်းသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းလုံ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအခမ်းအနားကို ယနေ့နံနက်(၉)ခွဲအချိန်ခန့်က  မိုင်းလုံမြို့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဘောလုံးအားကစားသည် လူကြိုက်အများဆုံးကစားနည်းဖြစ်ပြီး ထိုကစားနည်းမှာအများနှင့် အဖွဲ့လိုက်ကစားရသည့်အတွက် အားကစားစိတ်ဓာတ်ကို လှုံ့ဆော်ပေးခြင်း၊ စုဖွဲ့ပေါင်းစည်းမှုကိုဖြစ်စေသော အားကစားနည်းဖြစ်‌‌ကြောင်း ပြောကြားပြီး‌နောက် အားကာကော်မတီမှဥက္ကဋ္ဌ ဦးမောင်မောင်ကျော်က  စည်းကမ်းများကိုဖတ်ကြားပြပြီး ဘောလုံးကစားရာတွင် အားကစားစည်းကမ်းများ လိုက်နာဆောင်ရွက်ရန်နှင့် ပြိုင်ပွဲကိုအားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန်‌ပြောကြားခဲ့ပြီး ဖွင့်ပွဲတွင် အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။  

အဆိုပါ ကျောင်းသားဘောလုံးပြိုင်ပွဲတွင် အသင်း(၄)သင်းပါဝင်၍ ပြိုင်ပွဲကို (၄)သင်းပတ်လည်ယှဉ်ပြိုင်စေပြီး အမှတ်အများဆုံး(၂)သင်းသည် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)