မက်မန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

မက်မန်း စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲအား အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၂၀)ဦးက မွန်မြတ်လှပဆရာ့ဘဝ စာစီစာကုံးအားလည်ကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးက လမ်းပြကြယ်ပမာ မြတ်ဆရာကဗျာအားလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့သည်။  ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားယှဉ်ပြိုင်မှုဖြင့် ဆုရရှိသူများအား ကမ္ဘာ့ဆရာများနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်ထံမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)