ပျဉ်းမနား စက်တင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်များရှိ ဈေးများအတွင်း အသား/ငါး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံချက်အရ ပျဉ်းမနားမြို့နယ်၌ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် စားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဦးစီးမှူး ဦးခင်အောင်နီ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက ပျဥ်းမနားမြို့နယ်အတွင်း စားအုန်းဆီများ သတ်မှတ်စျေးနှုန်းအတိုင်းသာ ရောင်းချမှုရှိစေရေးနှင့် ကုန်ပစ္စည်းအမျိုးအမည် ကန့်သက်ရောင်းချမှု မရှိစေရေးအတွက် စတိုးဆိုင်များ၊ စာအုန်းဆီအရောင်းဆိုင်များနှင့် ဆီပွဲရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ကြုံတွေ့ရသည့် အခက်အခဲအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)