စစ်တွေ စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျန်းမာရေးဌာနမှဝန်ထမ်းများက စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၁၅)၊ အ.မ.က(မူလွန်)ကျောင်း၌ ထိုးနှံပေးခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အတွင်း မွေးဖွားသော မိန်းကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှ အောက်တို ဘာလအတွင်း သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ စစ်တွေမြို့နယ်အနေဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြု ထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးအား အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သည့် မိန်းကလေးများအား ထိုးနှံပေးမှ ဆေးအာနိသင် ထိရောက်မည်ဖြစ်ကြောင်း စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
မြင့်စိုးဦး ခရိုင်(ပြန်/ဆက်)