ပြင်ဦးလွင် စက်တင်ဘာ ၁၈
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့၏ စုပေါင်း သွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့ ကုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည်။
သွေးလှူဒါန်းပွဲတွင် ရဲတပ်ဖွဲ့ဝင်အရာရှိ/အခြားအဆင့် အမျိုးသား (၇)ဦး၊ အမျိုးသမီး (၆)ဦး၊ စုစုပေါင်း (၁၃)ဦးတို့က သွေးများလှူဒါန်းကြရာ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်ဇော်မြင့် ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်အောင်၊ ပြင်ဦးလွင်မြို့နယ် ဒုတိယရဲမှူးလူလှ၊ ပြင်ဦးလွင်သတင်းရဲတပ်ဖွဲ့မှ ရဲမှူးမင်းဇော်ဦး၊ ပြင်ဦးလွင်မူးယစ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်ထွန်း၊ ပြင်ဦးလွင်ခရိုင်အကူတပ်ခွဲမှူး ရဲမှူးသိန်းထွန်းနှင့် ပြင်ဦးလွင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးစိုးလွင်တို့ တက်ရောက်ကြည့်ရှု အားပေးသည်။
ယင်းနောက် ဒုတိယရဲမှူးကြီးခင်ဇော်မြင့်နှင့် တာဝန်ရှိသူများက သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား အာဟာရ ဖြည့်စွက်စာများအဖြစ် ကြက်ဥ (၁၀) လုံး၊ နွားနို့ (၅၀) ကျပ်သား၊ အားဖြည့်အချိုရည် တစ်ပုလင်းနှင့် ဂုဏ်ပြုငွေတို့အားပေးအပ်ပြီး ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူထံ သွေးအိတ်များပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)