မောက်မယ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရဲတပ်ဖွဲ့မှ ၂၀၂၃ခုနှစ်အောက်တို ဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များစုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံတွင် စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်ပြည်သူ့ဆေးရုံတွင် သွေးများ စုပေါင်းလှူဒါန်းသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား မောက်မယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်၊ မြို့မစခန်းမှူး ဒုရဲမှူးမင်းနိုင်တို့က ကြည့်ရှုအားပေးပြီး အာဟာရဖြည့်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)