သာကေတမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

သာကေတ စက်တင်ဘာ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် သာကေတမြို့နယ် ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်း၌  နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ သာကေတ​မြို့နယ်အတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်း () ကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာဦးစိုးအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က  လူငယ်တွေအနေနဲ့ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများတိုးပွားပြီး  လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သာကေတမြို့နယ်ရုံးမှ ဦးစီးအရာရှိ  ဒေါ်ဆောင်းနှင်းဖြူနှင့် ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးသောင်းလွင်တို့က Moderator အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး သာကေတမြို့နယ် အတွင်းရှိ ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မရွှန်းလဲ့နေခြည် (G-11) က “လူငယ်နှင့်စာပေ”နယူးလိုက်တာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်အောင်ကောင်းခန့် (G-10) က “လူငယ်နှင့်မူးယစ်ဆေး” ကောင်းဇော်ကိုယ်ပိုင် အထက်တန်းကျောင်းမှ မောင်အောင်အောင်ဦး (G-11) က “လူငယ်နှင့်ယဥ်ကျေးမှု”Yangon Royal school ကိုယ်ပိုင်အထက်တန်းကျောင်းက မဆုနန္ဒာကို (Grade-11) က “လူငယ်နှင့်အားကစား”၊ ပညာကမ္ဘာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ဖြိုးဇော်အေး (G-10) က “လူငယ်နှင့်နည်းပညာ”၊ နဝရတ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မယွန်းဝင့်နဒီ  (G-12) က “ဂလူငယ်နှင့်စာရိတ္တ” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား‌ ပေးခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ တက်ရောက်ဆွေးနွေးကြသည့်  ကျောင်းသား/သူလေးများအား ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့သည်။ အဆိုပါလူငယ် စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း () ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)