ဒဂုံမြို့နယ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ဒဂုံ စက်တင်ဘာလ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ်၊ ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ဒဂုံမြို့နယ်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဆောင်၍ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းအဆင့် (Grade 10,11,12) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade 6,7,8,9) ကျောင်းသား၊ ကျောင်းသူများအား "မွန်မြတ်လှပဆရာ့ဘဝ "ခေါင်းစဉ် စာစီစာကုံးဖြင့် နံနက်ပိုင်းတွင်လည်းကောင်း၊ "လမ်းပြကြယ်ပမာ မြတ်ဆရာ" ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲအား နေ့လည်ပိုင်းတွင်လည်ကောင်း၊ အချိန် (၂) ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့်ဖြင့် စာစီစာကုံး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုသူ (၃၀) ဦးနှင့် ကဗျာပြိုင်ပွဲတွင် (၁၉) ဦး အသီးသီး ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မိုးမိုးခိုင်

ဒဂုံမြို့နယ် (ပြန်/ဆက်)