ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ဒဂုံမြောက် စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နယ်မြေလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့သာယာလှပရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းကာလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးသန်းဝင်းက “ယခုအချိန်တွင် ဖုန်းဖြင့်လိမ်လည်မှုများဖြစ်ပွား‌နေသဖြင့် မိမိတို့မြို့နယ်အတွင်း လုပ်ငန်းလုပ်ကိုင်သည့် ပုဂ္ဂလိကဆေးရုံများနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း အဆိုပါဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ရုံးဌာနများတွင် မဖြစ်ပွားစေရန်နှင့် အချက်အလက်လိမ်လည်‌တောင်းခံမှုများမဖြစ်ပွားစေရန် မိမိဝန်ထမ်းများအားမှာကြားထားရန်လိုကြောင်း၊ လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်များ၊ ထူးခြားဖြစ်စဉ်များဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ရန်၊ Biometric လုပ်ငန်းများ အချိန်မီပြီးစီးရေးဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်‌-၁၉ ရောဂါနှင့်ပတ်သက်ပြီး သုတေသနဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်း WiFi ကြိုးများအား စနစ်တကျဖြစ်‌‌စေရေးအမြန်ဆုံး ဆောင်ရွက်သွားရန်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစိစစ်မှုများ ပူးပေါင်းဆောင်ရွက်ရန်၊ သတင်းတုသတင်းမှားများ နားမယောင်မိစေရန် သတင်းမှန်ပြန်ကြားရေး Website များကြည့်ရှုရန်၊ ဝန်ထမ်းအားလုံးသည်နိုင်ငံ့ဝန်ထမ်းများဖြစ်သည်ကို ဝန်ထမ်တိုင်းသိရှိနားလည်ရန်လိုကြောင်း၊  မြို့ရွာသန့်ရှင်း‌ရေး၊ ရုံးဌာနများ သန့်ရှင်းရေးများဆောင်ရွက်သွားရန်” စသည်တို့ကိုဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ