နမ့်စန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်စုပေါင်းသွေးလှူဒါန်း

နမ့်စန်() စက်တင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်စန်ခရိုင်ရဲတပ်ဖွဲ့က ဦးစီး၍ စုပေါင်း သွေးလှူဒါန်းခြင်းကို ယမန်နေ့ညနေ (၃) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ညနေ (၃) နာရီတွင် အမှတ် () ရပ်ကွက်ရှိ အမှတ် () တပ်မတော်စစ်ဆေးရုံ (/၁၀၀) ၌ နမ့်စန်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်စုစုပေါင်း (၁၅) ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ပြီး အဆိုပါသွေးလှူဒါန်းနေမှုကို နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မျိုးဝင်း၊ နမ့်စန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုး၊ အမှတ် (၈/၁၀၀) တပ်မတော်ဆေးရုံမှ တပ်မှူးဗိုလ်မှူး ဒေါက်တာနေဇာမျိုးနှင့် မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်းတို့က ကြည့်ရှူအားပေးခဲ့ပြီး အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရအောင် (နမ့်စန်)