မိုးနဲမြို့ အ.လ.က(၁)ကျောင်း၌ ပောာပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မိုးနဲ  စက်တင်ဘာ  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နန်းမွမ်းဆိုင်က ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်သတိပြုကြရေး၊ လူကုန်ကူးမှုမခံရအောင်ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကျောင်းပြင်ပဗဟုသုတ တိုးပွားရေးအတွက်  စာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းသိမှတ်ဖွယ်ရာများ စသည့်စာအုပ်များကိုအခမဲ့ငှားရမ်း‌ပေးခဲ့ပြီး၊ အသိပညာပေးနံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)