တန့်ယန်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေလင်း၊ အတွင်းရေးမှူးရဲမှူးမျိုးနိုင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးကံရှိန်တို့က ကြည့်ရှုအားပေးခဲ့ကြသည်။
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းဆင့်(၈)ဦး၊ အလယ်တန်းဆင့်(၇)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့်(၆)ဦး၊ အလယ်တန်းဆင့်(၇)ဦး စုစုပေါင်းကျောင်းသားကျောင်းသူ(၂၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)