ကျေးသီး စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးသီးမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအတွင်းရေးမှူး ရဲမှူးလူလှမှအဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာမောင်မောင်မြတ်ဗိုလ်သူမှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအားဖြင့် ကြိုတင်ကာကွယ်သည့်အတွက် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်မိန်းကလေးငယ်များ စတင်ထိုးနှံရန်လိုအပ်ကြောင်း ဆေးထိုးနှံမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)