မိုင်းပျဉ်းမြို့၌ မြို့နယ်အဆင့်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲကျင်းပ

မိုင်းပျဉ်း စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို မိုင်းပျဉ်းမြို့နယ် ဒုမြို့နယ်ပညာရေးမှူးဦးကျော်လွင်ကဦးစီးကျင်းပ၍ မိုင်းပျဉ်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်းမှ အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ကဗျာဝင်ရောက်ယှဉ်ပြိုင်သူ (၁၂)ဦး၊ စာစီစာကုံးဝင်ရောက်ယှဉ်ပြိုင်သူ(၁၄)ဦး၊ စုစုပေါင်း(၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး