ဟိုပုံး စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် ကျောင်းလွယ် အခြေခံပညာ မူလတန်းကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သင်းဦးနှင့် မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးသန်းထိုက်စိုးတို့က ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး ဆောင်ပုဒ်ဖြင့် အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံများ၊ ကမ္ဘာကြီးနှင့် လူသားများအတွက် အိုဇုန်းလွှာ၏ အရေးပါပုံများ၊ အိုဇုန်းလွှာပျက်စီးမှုကြောင့် ဖြစ်ပေါ်တတ်သည့် အခြေအနေများ၊ အိုဇုန်းလွှာပျက်စီးမှု၏ ဆိုးကျိုးများ၊ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေး နည်းလမ်းများ၊ အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးအတွက် မြန်မာ နိုင်ငံ၏ ဆောင်ရွက်ချက်များကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်း ဟောပြောသည်။ ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်သင်းဦးက ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့နှင့် ပတ်သက်သည့် အမေး၊ အဖြေပြုလုပ်၍ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။