မန္တလေး စက်တင်ဘာ ၁၅
ချမ်းအေးသာစံမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အသိပေးရှင်းလင်းပွဲအား ယနေ့နံနက် ၁၀ နာရီက အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ်က အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြား၍ တက်ရောက်လာကြသူများက သိရှိလိုသည်များနှင့် အကြံပြုချက်များ မေးမြန်းဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ဒေါက်တာလင်းလင်းချစ်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၂ ဦးဇော်ဖေ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရိန်စိုးနှင့် ကျောင်းအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယခုလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရည်မှန်းဦးရေ ၁၇၀၀ ဦးခန့်ကို အလှည့်ကျထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်