မိုင်းရယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့

မိုင်းရယ် စက်တင်ဘာ ၁၅

မိုင်းရယ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မိုင်းရယ်မြို့၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အမှာစကားပြောကြားသည်။ ယင်းနောက် မိုင်းရယ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၃)ခုအပါအဝင် ကျေးရွာအုပ်စု(၂၈)အုပ်စုတွင်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်(၃၈၉)ဦး၊ (၂)နှစ်အောက်ကလေးငယ် (၉၄၇)ဦးတို့ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ထောက်ပံ့ငွေကျပ် ၅၇၃၀၀၀၀ဝိ/အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား တစ်လလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)