ဗဟန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကျင်းပ

ဗဟန်း စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက ဗဟန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေနန်ယန်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီး "လူငယ်ဘဝစွမ်းဆောင်ရည်ကိုမြှင့်တင်ကြ " ခေါင်းစဉ်ဖြင့်ဟောပြောသည်။

ဆက်လက်၍ လက်ထောက်မြို့နယ်ပညာရေးမှူးဦးမျိုးနိုင်က  "လူငယ်နှင့်ပညာရေး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာ‌မ သင်းလဲ့လဲ့ထွန်းက "လူငယ်နှင့်မူယစ်ဆေးဝါး" ခေါင်းစဥ်ဖြင့်လည်းကောင်း  အသီးသီးဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဗဟန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာ‌စောင်များကို တက်ရောက်လာကြသည့် ဆရာ၊ ‌ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ‌လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မိုးမိုး