ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၅

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဦးကျော်နိုင်ဦးတို့က ကမ္ဘာ့အိုဇုန်းလွှာ ဖြစ်ပေါ်တည်ရှိမှုအကြောင်း၊ အိုဇုန်းလွှာမှ လူသားများနှင့် သက်ရှိများအပေါ်အကျိုးပြုပုံ၊ အိုဇုန်းလွှာပျက်စီးပါးလွှာလာရခြင်း၏ အကြောင်းရင်းများ၊ ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်မည့် နည်းလမ်းများ၊  မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေမှုများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ များရှိစေရန်အတွက် Onileမှ တစ်ဆင့် အသိပညာပေးခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)