ဇေယျာသီရိ စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်နှင့် ဗလငါးတန်ဖွံဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ယခုလို ဟောပြောပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်နောက် ဇေယျာသီရိမြိုနယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင် စာရေးဆရာစိန်ဝင်းနွယ်က စိတ်ကူးကိုစေစားပါ၊ စာရေးဆရာရဲမွန်ကျော်က နောက်တစ်ချက်ထပ်ရိုက်ပါ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာမ ချယ်ချယ်(YU)က အကျင့်ကောင်းအရေးကြီးကြောင်း ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)