စမ်းချောင်းမြို့နယ်တွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဥ်၊ စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

စမ်းချောင်း     စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမတွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့၊ နံနက်()နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ထွန်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူကုန်ကူးမှုတားဆီးရေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်း‌ရေးရဲတပ်ဖွဲ့စုမှ ဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ မြိုနယ်မူးယစ်တပ်ဖွဲ့စုမှဟောပြောခြင်း၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်း​​ရေး​ဟောပြောခြင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာ​စောင်၊ မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး လက်ကမ်းစာ​စောင်များနှင့် လူကုန်ကူးမှုအသိပညာ​ပေး လက်ကမ်းစာ​စောင်များကို ဖြန့်​ဝေခြင်းပေးခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နီလာစိုး(ပြန်/ဆက်)