(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ဆုချီးမြှင့်ပွဲနှင့် (ခရိုင်အဆင့်) ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

သပိတ်ကျင်း စက်တင်ဘာ ၁၅

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ဆုချီးမြှင့်ပွဲနှင့် (ခရိုင်အဆင့်) အဆို၊ အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ(၁၅) နှစ်၊ အသက်(၁၅)နှစ်မှ(၂၀)နှစ် အဆိုပြိုင်ပွဲနှင့် အကပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး ခရိုင်အဆင့် အဆိုပြိုင်ပွဲနှင့်အကပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ သပိတ်ကျင်းခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အခြေခံပညာ (၁၀၊၁၅)နှစ်၊ (၁၅၊၂၀)နှစ် အဆိုရှင်များ၊အကရှင်များ၊ မြန်မာ့အကကဗျာလွတ် (ပထမအဆင့်)တို့ကို ကျောင်းသား၊ကျောင်းသူများနှင့် ဝါသနာရှင်(ပထမတန်း)အဆင့် အမျိုးသားနှင့်ဝါသနာရှင် (ဒုတိယတန်း)အဆင့် အမျိုးသမီး အဆိုရှင်များမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး ၊အတီး ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကောမပပျောက်စေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)